🌍 နိုင်ငံခြားကျောင်းလျှောက်ထားတဲ့အခါ အများဆုံးမှားတတ်တဲ့ အချက် ၅ ချက်

နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ “စာရွက်စာတမ်းတွေ အကုန်ရှိပြီဆိုရင် ရပြီ” လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် လျှောက်လွှာတင်တဲ့အဆင့်မှာ အသေးစိတ်အချက်လေးတွေ မှားသွားတာက ကိုယ့်ရဲ့ လျှောက်ထားမှုအပေါ် ထိခိုက်နိုင်ပါတယ်။

👀 ဒါကြောင့် နိုင်ငံခြားကျောင်းလျှောက်ထားတဲ့အခါ အများဆုံးမှားတတ်တဲ့ အချက် ၅ ချက် ကို သိထားသင့်ပါတယ်။

📌 ၁။ ကျောင်းလျှောက်လွှာမှာ အချက်အလက်တွေ မကိုက်ညီခြင်း။

နာမည်၊ မွေးသက္ကရာဇ်၊ ပတ်စ်ပို့အချက်အလက်၊ ပညာရေးမှတ်တမ်းတွေကို လျှောက်လွှာနဲ့ စာရွက်စာတမ်းတွေမှာ မတူညီဘဲ ဖြည့်မိတာမျိုး ဖြစ်တတ်ပါတယ်။

➡️ လျှောက်လွှာမတင်ခင် အချက်အလက်တိုင်းကို စာရွက်စာတမ်းတွေနဲ့ ပြန်လည်တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။

📌 ၂။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မပြည့်စုံခြင်း။

တက္ကသိုလ်တစ်ခုနဲ့တစ်ခု လိုအပ်တဲ့ စာရွက်စာတမ်းတွေ မတူနိုင်ပါဘူး။ ပညာရေးမှတ်တမ်း၊ ဘာသာစကားအရည်အချင်းလက်မှတ်၊ ကိုယ်ရေးရာဇဝင်၊ ရည်ရွယ်ချက်ဖော်ပြစာနဲ့ အခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေထဲက တစ်ခုခု လွတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

➡️ ကိုယ်လျှောက်မယ့် တက္ကသိုလ်ရဲ့ လိုအပ်ချက်စာရင်းကို သေချာစစ်ပြီး တစ်ခုချင်းစီ ပြင်ဆင်ထားပါ။

📌 ၃။ နောက်ဆုံးရက်ကို မစစ်ဘဲ နောက်ကျမှ လျှောက်ခြင်း။

“အချိန်ရှိပါသေးတယ်” ဆိုပြီး လျှောက်လွှာကို နောက်ဆုံးရက်နီးမှ စတင်ပြင်ဆင်တာက အန္တရာယ်ရှိပါတယ်။ စာရွက်စာတမ်းပြင်ဆင်ခြင်း၊ ဘာသာပြန်ခြင်း၊ အသိအမှတ်ပြုခြင်းနဲ့ လိုအပ်ချက်တချို့ ဖြည့်ဆည်းခြင်းတွေမှာ အချိန်ယူနိုင်ပါတယ်။

➡️ နောက်ဆုံးရက်ကို ကြိုတင်သိထားပြီး ကိုယ့်အတွက် အချိန်ဇယားတစ်ခု ပြုလုပ်ထားသင့်ပါတယ်။

📌 ၄။ ကိုယ့်နဲ့ မကိုက်ညီတဲ့ တက္ကသိုလ် / ဘာသာရပ်ကို ရွေးချယ်ခြင်း။

တက္ကသိုလ်နာမည်ကောင်းတာ၊ လူများရွေးချယ်တာကိုပဲ ကြည့်ပြီး ကိုယ့်ရဲ့ ပညာရေးနောက်ခံ၊ စိတ်ဝင်စားတဲ့ ဘာသာရပ်နဲ့ အနာဂတ်ရည်မှန်းချက်တွေကို မစဉ်းစားဘဲ လျှောက်ထားတာမျိုး ဖြစ်တတ်ပါတယ်။

➡️ တက္ကသိုလ်ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ ပညာရေးနောက်ခံ + စိတ်ဝင်စားတဲ့ ဘာသာရပ် + ငွေကြေးအခြေအနေ + အနာဂတ်ရည်မှန်းချက် တွေကိုပါ ထည့်သွင်းစဉ်းစားပါ။

📌 ၅။ လျှောက်လွှာတင်ပြီးရင် အားလုံးပြီးပြီလို့ ထင်ခြင်း။

တက္ကသိုလ်ကို လျှောက်ထားပြီးတာနဲ့ လုပ်စရာအားလုံးပြီးသွားတာ မဟုတ်ပါဘူး။ တက္ကသိုလ်ဘက်က ထပ်မံတောင်းဆိုတဲ့ စာရွက်စာတမ်းတွေ၊ အင်တာဗျူး၊ ကျောင်းလက်ခံစာနဲ့ နောက်ပိုင်း ဗီဇာအတွက် လိုအပ်ချက်တွေကိုလည်း အချိန်မီ ဆက်လက်ပြင်ဆင်ဖို့ လိုပါတယ်။

➡️ လျှောက်လွှာတင်ပြီးတဲ့နောက်မှာလည်း အီးမေးလ်နဲ့ တက္ကသိုလ်ဘက်က ဆက်သွယ်လာတာတွေကို ပုံမှန်စစ်ဆေးထားပါ။

✨ Study Abroad လျှောက်တဲ့အခါ “စာရွက်စာတမ်းအကုန်ရှိရင် ပြီးပြီ” ဆိုတာထက် ကိုယ့်ရဲ့ လျှောက်လွှာတစ်ခုလုံးကို သေချာစီစဉ်ထားဖို့က ပိုအရေးကြီးပါတယ်။

လျှောက်လွှာမတင်ခင်မှာ

✅ လိုအပ်ချက်တွေ စစ်ဆေးပါ
✅ စာရွက်စာတမ်းတွေ ပြန်တိုက်ဆိုင်ပါ
✅ နောက်ဆုံးရက်တွေ မှတ်ထားပါ
✅ ကိုယ့်နဲ့ကိုက်ညီတဲ့ တက္ကသိုလ်နဲ့ ဘာသာရပ်ကို ရွေးချယ်ပါ
✅ လျှောက်ထားပြီးနောက် လိုအပ်တာတွေကို ဆက်လက်စောင့်ကြည့်ပါ

📩 Study Abroad Application ကို ဘယ်ကနေစပြီး ဘာတွေပြင်ဆင်ရမလဲ မသေချာသေးရင် Klarity Messenger မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်

✦ ───────── ✦

English Version

Five things people most often get wrong when applying to study abroad

When people are preparing to study abroad, they often think, “Once I have all the documents, I’m ready.” But small mistakes at the application stage can affect your application.

So you should know the five things people most often get wrong when applying to study abroad.

1. Information on the application does not match.

It is common for a name, date of birth, passport details or educational records to be filled in differently on the application and on the documents. Before you submit the application, you should check every detail again against the documents.

2. The required documents are not complete.

The documents required can differ from one university to another. One of the educational records, the language-proficiency certificate, the CV, the statement of purpose, or other required documents may be missing. Check the requirements list of the university you are applying to carefully, and prepare each item.

3. Applying late, without checking the deadline.

Starting to prepare the application only when the deadline is close, thinking “there is still time,” is risky. Preparing documents, translating them, getting them certified, and meeting some of the requirements can take time. You should know the deadline in advance and make a schedule for yourself.

4. Choosing a university or subject that is not a good fit.

People sometimes apply looking only at a well-known university name, or at what many people are choosing, without considering their educational background, the subject they are interested in, and their future goals. When you choose a university, also take into account your educational background + the subject you are interested in + your financial situation + your future goals.

5. Thinking that everything is finished once you have submitted the application.

Applying to the university does not mean that all the work is already done. You also need to continue preparing in time any further documents the university may ask for, interviews, the offer letter, and what will later be needed for the visa. After you have submitted the application, check regularly for emails and other contact from the university.

When you apply to study abroad, it is more important to plan the whole application carefully than to think “once I have all the documents, I’m done.”

Before you submit the application:

• Check the requirements
• Recheck the documents against each other
• Note the deadlines
• Choose a university and subject that are a good fit for you
• After applying, continue to follow up on what is needed

If you are not yet sure where to start with a study-abroad application, and what you need to prepare, you can come and discuss it on Klarity Messenger.