🇭🇺 Hungary မှာ နိုင်ငံတကာ ကျောင်းသားတွေအတွက် ဘယ်လို University Program တွေရှိလဲ?

ဥရောပမှာ ပညာသင်ချင်ပေမယ့် ကိုယ်နဲ့ကိုက်ညီမယ့် University Program ကို ဘယ်လိုရွေးချယ်ရမလဲ မသိသေးတဲ့သူတွေအတွက် Hungary က နိုင်ငံတကာ ကျောင်းသားတွေအတွက် ဘာသာရပ်အမျိုးမျိုးကို အင်္ဂလိပ်လို ပညာသင်ယူနိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။

ဒါဆို ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်နဲ့ အနာဂတ် Career Goal ပေါ်မူတည်ပြီး ရွေးချယ်နိုင်တဲ့ Program တွေကို ကြည့်လိုက်ရအောင်။

🛠️ Foundation & Preparatory Program

တက္ကသိုလ်ကို တိုက်ရိုက်ဝင်ခွင့်မရသေးတဲ့သူတွေ၊ သတ်မှတ်ထားတဲ့ ပညာ‌ရေးနောက်ခံဒါမှမဟုတ် ဘာသာစကားအရည်အချင်းကို ပြင်ဆင်ဖို့လိုသူတွေအတွက် Foundation နဲ့ Preparatory Program တွေရှိပါတယ်။

🎓 Bachelor’s Degree Program

အထက်တန်းပညာရေးပြီးဆုံးထားပြီး တက္ကသိုလ်မှာ ဘွဲ့ကြိုပညာရေးကို စတင်သင်ယူချင်သူတွေအတွက် သင့်တော်ပါတယ်။

Business, Engineering, Computer Science, International Relations နဲ့ အခြား ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို ရွေးချယ်လေ့လာနိုင်ပါတယ်။

📚 Master’s Degree Program

Bachelor’s Degree ရရှိထားပြီး ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်မှာ ပိုမိုနက်ရှိုင်းစွာ လေ့လာချင်သူတွေအတွက် ရွေးချယ်နိုင်တဲ့ လမ်းကြောင်းပါ။

Business Administration, Finance, Engineering, IT နဲ့ ကိုယ်ရရှိထားတဲ့ ဘွဲ့လက်မှတ်အပေါ်မူတည်ပြီး ဆက်လက်သင်ယူနိုင်ပါတယ်။

🔬 PhD Program

သုတေသနပိုင်းကို စိတ်ဝင်စားပြီး Academic Career ကို ဆက်လက်လျှောက်လှမ်းချင်သူတွေအတွက်လည်း PhD Program တွေကို ရွေးချယ်လေ့လာနိုင်ပါတယ်။

🩺 Medicine & Health Science Program

ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာနယ်ပယ်တွေကို စိတ်ဝင်စားသူတွေအတွက်လည်း Hungary မှာ ပညာသင်ကြားနိုင်တဲ့ Program တွေရှိပြီး ဝင်ခွင့်သတ်မှတ်ချက်နဲ့ ဘာသာစကားလိုအပ်ချက်တွေအရ Foundation တက်ရတာမျိုးရှိနိုင်ပါတယ်။

✨ ကိုယ်နဲ့ကိုက်ညီတဲ့ Program ကို ဘယ်လိုရွေးချယ်ရမလဲ?

ရွေးချယ်တဲ့အခါ ကိုယ်လက်ရှိပြီးမြောက်ထားတဲ့ ပညာရေးအဆင့်၊ ပညာရေးနောက်ခံ၊ အင်္ဂလိပ်စာအရည်အချင်း၊ ကျောင်းလခနဲ့ အနာဂတ်မှာ လုပ်ကိုင်ချင်တဲ့ အလုပ်အကိုင် စတာတွေကို သေချာထည့်သွင်းစဉ်းစားသင့်ပါတယ်။

Klarity မှာတော့ သင့်ရဲ့ ပညာရေးနောက်ခံနဲ့ ရည်မှန်းချက်အပေါ်မူတည်ပြီး Hungary မှာ ဆက်လက်ပညာသင်ကြားနိုင်မယ့် လမ်းကြောင်းတွေကို အခမဲ့ စုံစမ်းလေ့လာနိုင်ပါတယ်။

🇭🇺 💬 Hungary မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် Klarity Messenger ကို ဆက်သွယ်ပြီး ကိုယ်နဲ့ကိုက်ညီမယ့် University Program တွေအကြောင်း မေးမြန်းနိုင်ပါတယ်။

#KlarityEducation #StudyInHungary #StudyAbroad #HungaryUniversities

✦ ───────── ✦

English Version

What university programmes are there in Hungary for international students?

For people who want to study in Europe but do not yet know how to choose a university programme that is a good fit, Hungary is a country where international students can study a range of subjects in English.

So let’s look at programmes you can choose depending on the subject you are interested in and your future career goal.

Foundation & Preparatory Program

There are foundation and preparatory programmes for people who do not yet have direct entry to university, and for people who need to prepare a specified educational background or language qualification.

Bachelor’s Degree Program

This is suitable for people who have finished upper secondary education and want to start undergraduate study at university. You can choose and study Business, Engineering, Computer Science, International Relations and other subjects you are interested in.

Master’s Degree Program

This is a path you can choose if you already have a bachelor’s degree and want to study more deeply in a field you are interested in. You can go on to study Business Administration, Finance, Engineering, IT, and other subjects depending on the degree you already have.

PhD Program

People who are interested in research and want to continue on an academic career can also choose and study PhD programmes.

Medicine & Health Science Program

There are also programmes in Hungary for people interested in medicine and health-related fields, and depending on the entry requirements and language requirements it may be necessary to take a foundation.

How should you choose a programme that is a good fit for you?

When you choose, you should carefully take into account things such as the level of education you have already completed, your educational background, your English-language qualifications, tuition fees, and the work you want to do in the future.

At Klarity, depending on your educational background and your goals, you can find out free of charge about pathways for continuing your studies in Hungary.

If you are interested in studying in Hungary, you can contact Klarity Messenger and ask about university programmes that may be a good fit for you.