🇭🇺 Hungary မှာ ကျောင်းသွားတက်ချင်ပေမယ့် ကိုယ့်ရဲ့ ပညာရေးနောက်ခံနဲ့ မကိုက်မှာ စိုးရိမ်နေပါသလား?

🎓 တက္ကသိုလ်တက်ဖို့ဆိုတာ ကိုယ်တက်ချင်တဲ့ မေဂျာကို ရွေးချယ်ရုံတင်မက လိုအပ်တဲ့ အင်္ဂလိပ်စာအရည်အချင်းနဲ့ ကျောင်းဝင်ခွင့်သတ်မှတ်ချက်တွေကိုလည်း ပြည့်မီဖို့ လိုပါတယ်။

ဒါကြောင့် Hungary မှာ ပညာဆက်သင်ဖို့ စီစဉ်နေသူတွေအတွက် Budapest International College (BIC) မှာ တက္ကသိုလ်မတက်ခင် Foundation အရင်တက်လို့ရပါတယ်။

ကိုယ်ရွေးချယ်ထားတဲ့ Bachelor’s Program ကို တိုက်ရိုက်ဝင်ခွင့်မရသေးတာ၊ ဒါမှမဟုတ် English နဲ့ သင်္ချာဘာသာရပ်တွေမှာ ထပ်မံပြင်ဆင်ဖို့ လိုအပ်တာမျိုးရှိရင် Foundation Program ကတစ်ဆင့် ပြင်ဆင်နိုင်ပါတယ်။

BIC မှာ အောက်ပါ Foundation လမ်းကြောင်းတွေ ရှိပါတယ်။

📌 Engineering & IT Foundation
📌 Business Foundation
📌 English Foundation
စသဖြင့် ကိုယ့်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Foundation တက်ဖို့ လိုအပ်၊ မလိုအပ်ကို Admission Assessment အရ ဆုံးဖြတ်ပေးပါတယ်။

🎓 ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို ဘယ်လိုရွေးချယ်မလဲ?

BIC ဟာ တက္ကသိုလ်တစ်ခုတည်းမဟုတ်ဘဲ Hungary မှာရှိတဲ့ Partner Universities တွေအတွက် Official Admissions Office နဲ့ Foundation College အဖြစ် လုပ်ဆောင်ပေးတဲ့ Institution ဖြစ်ပါတယ်။

ဒါကြောင့် BIC ကနေတစ်ဆင့် ကိုယ်စိတ်ဝင်စားတဲ့ Program နဲ့ ကိုက်ညီမယ့် Partner University ကို ရှာဖွေပြီး လျှောက်ထားနိုင်ပါတယ်။

💻 ဘယ်လို မေဂျာတွေကို ရွေးချယ်နိုင်လဲ?

ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ပေါ်မူတည်ပြီး
⚙️ Engineering
💻 Computer Science & IT
💼 Business & Management
🌍 International Business
🏅 Sport-related Programs
စတဲ့ နယ်ပယ်တွေထဲက Program တွေကို လေ့လာနိုင်ပါတယ်။

💶 ကုန်ကျစရိတ်ကရော ဘယ်လောက်ကုန်နိုင်မလဲ?

BIC ရဲ့ Official Website မှာ ဖော်ပြထားတဲ့ Foundation Program Fee တွေက ပုံမှန်အားဖြင့် Semester တစ်ခုကို EUR 3,000 ဖြစ်ပြီး Intensive Foundation Program က EUR 4,500 ဖြစ်ပါတယ်။

University Degree Program တွေရဲ့ ကျောင်းလခကတော့ Partner University နဲ့ Major အလိုက် ကွာခြားပါတယ်။

ဒါ့အပြင် Accommodation၊ Health Insurance၊ Application Fee နဲ့ အခြားကုန်ကျစရိတ်တွေကိုပါ ကြိုတင်တွက်ချက်ထားဖို့ လိုပါတယ်။

💰

🎓ကိုယ်က Foundation တက်ဖို့ လိုအပ်လား၊ တက္ကသိုလ်ကို တိုက်ရိုက်လျှောက်လို့ရလား?

ဒီမေးခွန်းရဲ့ အဖြေက ကိုယ့်ရဲ့ လက်ရှိပညာရေးအဆင့်၊ English Level နဲ့ ရွေးချယ်ထားတဲ့ Program ပေါ်မှာ မူတည်လို့ Hungary မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားနေတယ်ဆိုရင် Klarity Student Counselling ရဲ့ Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

💙

#KlarityEducation #StudyInHungary #BudapestInternationalCollege #FoundationProgram #StudyAbroad

✦ ───────── ✦

English Version

Do you want to go and study in Hungary, but are you worried that your educational background might not be a match?

Going to university is not just about choosing the major you want to take; you also need to meet the required English-language qualifications and the university entry requirements.

So, for people who are planning to continue their studies in Hungary, you can take a foundation first, before university, at Budapest International College (BIC).

If you do not yet have direct entry to the bachelor’s programme you have chosen, or if you need further preparation in English and mathematics, you can prepare through a foundation programme.

BIC has foundation pathways such as the following:

• Engineering & IT Foundation
• Business Foundation
• English Foundation

Whether or not you need to take a foundation is decided on the basis of an Admission Assessment, depending on your needs.

How should you choose the university you want to attend?

BIC is not a single university. It is an institution that acts as an Official Admissions Office and Foundation College for partner universities in Hungary.

So through BIC you can find a partner university that matches the programme you are interested in, and apply.

Which majors can you choose?

Depending on the subject you are interested in, you can study programmes in fields such as:

• Engineering
• Computer Science & IT
• Business & Management
• International Business
• Sport-related Programs

And what might the costs be?

The Foundation Program fees shown on BIC’s official website are normally EUR 3,000 for one semester, and the Intensive Foundation Program is EUR 4,500. (The source states “per semester” clearly for the EUR 3,000 figure; it does not separately repeat “per semester” for the EUR 4,500 Intensive Foundation Program figure.)

Tuition fees for university degree programmes differ depending on the partner university and the major. In addition, you need to calculate accommodation, health insurance, the application fee and other costs in advance as well.

Do you need to take a foundation, or can you apply directly to university?

The answer to this question depends on your current level of education, your English level and the programme you have chosen. If you are interested in studying in Hungary, you can come and ask on Klarity Student Counselling’s Messenger.