🇪🇸 Spain မှာ ကျောင်းတက်ဖို့ ဗီဇာ လျှောက်မယ်ဆိုရင် ဘာစာရွက်စာတမ်းတွေ ပြင်ဆင်ထားရမလဲ?

စပိန်မှာ ကျောင်းတက်ဖို့ စီစဉ်နေပြီဆိုရင် တက္ကသိုလ်ရွေးတာ တင်မကဘဲ ဗီဇာအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

ဒါဆို Spain Student Visa လျှောက်တဲ့အခါ ဘာတွေလိုအပ်လဲ?

👇

📝 ၁။ ဗီဇာလျှောက်လွှာဖောင်

စပိန် ကျောင်းသားဗီဇာ အတွက် သတ်မှတ်ထားတဲ့ National Visa Application Form ကို မှန်ကန်စွာ ဖြည့်စွက်ထားရပါမယ်။

🛂 ၂။ Passport
• မူရင်း Passport
• Passport စာမျက်နှာအားလုံးရဲ့ မိတ္တူ

📸 ၃။ Passport Size ဓာတ်ပုံ

အဖြူရောင်နောက်ခံနဲ့ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ Color Photo လိုအပ်ပါတယ်။

🏥 ၄။ ကျန်းမာရေးထောက်ခံစာ

စပိန်မှာ ရေရှည်နေထိုင်ပြီး ကျောင်းတက်မယ့်သူတွေအတွက် သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ကျန်းမာရေးဆေးစစ်ချက်ထောက်ခံစာ (Medical Certificate) လိုအပ်ပါတယ်။

💙 ၅။ ကျန်းမာရေးအာမခံ

စပိန်မှာ နေထိုင်မယ့်ကာလအတွက် သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ကျန်းမာရေးအာမခံ (Health Insurance) ရှိထားကြောင်း ပြသရပါတယ်။

🎓 ၆။ ကျောင်းဝင်ခွင့်စာ

တက်ရောက်မယ့် တက္ကသိုလ်ကနေ ရရှိထားတဲ့ ကျောင်းဝင်ခွင့်လက်ခံစာ (Admission Letter) လိုအပ်ပါတယ်။

💳 ၇။ ကျောင်းလခပေးချေထားကြောင်း အထောက်အထား

ကျောင်းလခ (Tuition Fee) ပေးချေထားပြီးကြောင်း ပြသနိုင်တဲ့ ငွေပေးချေပြီးကြောင်း ပြေစာ (Payment Receipt) သို့မဟုတ် အထောက်အထား လိုအပ်နိုင်ပါတယ်။

💰 ၈။ ငွေကြေးအထောက်အထား

စပိန်မှာ ကျောင်းတက်နေစဉ်အတွင်း ကိုယ့်ရဲ့ နေထိုင်စရိတ်ကို ကာမိနိုင်ကြောင်း ပြသဖို့အတွက် —
🏦 ဘဏ်လက်ကျန်ငွေ အထောက်အထား (Bank Certificate)
📄 ၆ လအတွင်း Bank Statement
🏢 Sponsor ရဲ့ လုပ်ငန်းမှတ်ပုံတင်
💵 Sponsor ရဲ့ အခွန်ပေးဆောင်ထားကြောင်း အထောက်အထား
✍️ ကုန်ကျစရိတ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဝန်ခံချက် (Affidavit of Support)
🪪 မိဘရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (NRC) မိတ္တူ
🛂 မိဘရဲ့ နိုင်ငံကူးလက်မှတ် (Passport) မိတ္တူ
စတဲ့ စာရွက်စာတမ်းတွေ လိုအပ်နိုင်ပါတယ်။

👨‍👩‍👧 ၉။ မွေးစာရင်း (Birth Certificate)

Sponsor က မိဘဖြစ်တယ်ဆိုရင် ကျောင်းသားနဲ့ Sponsor ကြား မိသားစုဆက်နွယ်မှုကို ပြသဖို့ မွေးစာရင်း (Birth Certificate) လိုအပ်နိုင်ပါတယ်။

✍️ ၁၀။ မိဘ / အုပ်ထိန်းသူရဲ့ ခွင့်ပြုစာ

အသက်မပြည့်သေးတဲ့ ကျောင်းသားဖြစ်ပါက မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူရဲ့ တရားဝင်အုပ်ထိန်းသူ၏ ခွင့်ပြုချက်စာ Parental Consent / Authorization Letter လိုအပ်နိုင်ပါတယ်။

🏠 ၁၁။ Guardianship စာရွက်စာတမ်း

စပိန်မှာ ကျောင်းသားကို တာဝန်ယူစောင့်ရှောက်ပေးမယ့် တရားဝင်အုပ်ထိန်းသူရှိပါက သက်ဆိုင်ရာ Guardianship Document လိုအပ်နိုင်ပါတယ်။

👮 ၁၂။ ရဲစခန်းထောက်ခံစာ / ပြစ်မှုကင်းရှင်းကြောင်း အထောက်အထား (Police Clearance Certificate)

သတ်မှတ်ထားတဲ့ ကာလထက်ပိုမိုနေထိုင်မယ့် ကျောင်းသားဗီဇာ လျှောက်ထားသူတွေအတွက် ရဲစခန်းထောက်ခံစာ လိုအပ်နိုင်ပါတယ်။

⚠️ စာရွက်စာတမ်းတွေရှိရုံနဲ့ မပြီးသေးပါဘူး။

ဗီဇာလျှောက်တဲ့အခါ စာရွက်စာတမ်းတွေရဲ့ သက်တမ်း၊ Format၊ ဘာသာပြန်ထားမှု၊ တရားဝင်အတည်ပြုထားကြောင်းနဲ့ တင်ပြရမယ့်ပုံစံ တွေကလည်း အရေးကြီးပါတယ်။

ဒါကြောင့် “စာရွက်စာတမ်းတွေ အကုန်ရှိပြီ” ဆိုတာထက် “စာရွက်စာတမ်းတွေကို သတ်မှတ်ချက်နဲ့အညီ ပြင်ဆင်ထားပြီလား?” ဆိုတာက ပိုအရေးကြီးပါတယ်။

🇪🇸 စပိန်မှာ ကျောင်းတက်ဖို့ စီစဉ်နေပြီး ကိုယ့်အခြေအနေနဲ့ကိုက်ညီတဲ့ University + Visa လမ်းကြောင်းကို သေချာသိချင်တယ်ဆိုရင် Klarity Education ကို Messenger ကနေ ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

💬✨

#KlarityEducation #StudyInSpain #SpainStudentVisa #StudyAbroad #StudyAbroadMyanmar #StudentVisa #SpainVisa

✦ ───────── ✦

English Version

What documents do you need to prepare if you are applying for a visa to study in Spain?

If you are already planning to study in Spain, you need to prepare not only your choice of university, but also the documents required for the visa.

So what is needed when you apply for a Spain student visa?

1. Visa application form

You must fill in the National Visa Application Form specified for the Spain student visa correctly.

2. Passport

• The original passport
• Copies of all pages of the passport

3. Passport-size photograph

A colour photo with a white background that meets the specified requirements is needed.

4. Medical certificate

For people who will live in Spain long-term and study there, a medical examination certificate (Medical Certificate) that meets the specified requirements is needed.

5. Health insurance

You must be able to show that you have health insurance that meets the requirements for the period you will stay in Spain.

6. University admission letter

An admission letter (Admission Letter) issued by the university you will attend is needed.

7. Evidence that tuition has been paid

A payment receipt, or other evidence, showing that the tuition fee has already been paid may be required.

8. Financial evidence

To show that you can cover your living costs while studying in Spain, documents such as the following may be required:

• Bank certificate (evidence of the bank balance)
• A bank statement covering the last 6 months
• The sponsor’s business registration
• Evidence that the sponsor has paid tax
• Affidavit of Support (a declaration that living costs will be provided)
• A copy of the parent’s national registration card (NRC)
• A copy of the parent’s passport

9. Birth certificate

If the sponsor is a parent, a birth certificate may be required to show the family relationship between the student and the sponsor.

10. Consent letter from a parent or guardian

If the student is still underage, a parental consent / authorization letter from a parent or legal guardian may be required.

11. Guardianship documents

If there is a legal guardian in Spain who will be responsible for looking after the student, the relevant guardianship document may be required.

12. Police clearance certificate

For student visa applicants who will stay longer than the specified period, a police station certificate / evidence of a clean criminal record (Police Clearance Certificate) may be required.

Having the documents is not enough on its own.

When you apply for the visa, the validity period of the documents, the format, whether they have been translated, whether they have been officially certified, and the form in which they must be submitted are also important.

So what matters more than “I already have all the documents” is “Have the documents been prepared in line with the requirements?”

If you are planning to study in Spain and want to be clear about the university and visa pathway that fits your situation, you can contact Klarity Education through Messenger and get a free consultation.