🇪🇸 စပိန်မှာ ကျောင်းတက်ရင် တစ်လဘယ်လောက်ကုန်မလဲ?
💶 စပိန်မှာ ကျောင်းတက်ဖို့ စဉ်းစားနေတယ်ဆိုရင် ကျောင်းလခတင်မဟုတ်ဘဲ တစ်လတာ နေထိုင်စရိတ် ကိုလည်း ကြိုတင်တွက်ချက်ထားဖို့ အရေးကြီးပါတယ်။
တကယ်ကုန်ကျမယ့်စရိတ်က နေမယ့်မြို့၊ အိမ်နေရာရွေးချယ်မှုနဲ့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။
🏠 အိမ်နေစရိတ် — တစ်လ €300–€750 ဝန်းကျင်
ကျောင်းသားတွေအတွက် အခန်းတစ်ခန်းတည်း သီးသန့်ငှားတာထက် အခြားကျောင်းသားတွေနဲ့ အိမ်အတူငှားပြီး အခန်းခွဲနေခြင်း က ပိုသက်သာတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။
📍 Barcelona နဲ့ Madrid လို လူနေထူထပ်ပြီး လူကြိုက်များတဲ့ မြို့ကြီးတွေမှာ အိမ်ငှားခက ပိုမြင့်နိုင်ပြီး Valencia, Seville, Granada, Salamanca လို ကျောင်းသားတွေများတဲ့ မြို့တွေမှာတော့ နေထိုင်မှုပုံစံနဲ့ နေရာအလိုက် အိမ်နေစရိတ်ကို ပိုမိုသက်သာအောင် စီစဉ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။
🍚 စားစရိတ် — တစ်လ €180–€300 ဝန်းကျင်
အပြင်မှာ အမြဲတမ်းစားတာထက် စျေးဝယ်ပြီး ကိုယ်တိုင်ချက်စားမယ်ဆိုရင် စားစရိတ်ကို ပိုမိုသက်သာပြီး။
တစ်ယောက်တည်းနေမလား၊ အိမ်အတူနေမလား၊ အပြင်မှာ ဘယ်လောက်စားဖြစ်မလဲဆိုတာပေါ်မူတည်ပြီး ဒီစရိတ်က အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။
🚇 သွားလာရေးစရိတ် — တစ်လ €15–€40 ဝန်းကျင်
စပိန်မှာ ဘတ်စ်ကား၊ မြေအောက်ရထားနဲ့ ရထားတွေကို အသုံးပြုနိုင်တာကြောင့် ကျောင်းနဲ့ အိမ်ကြား သွားလာဖို့ အဆင်ပြေပါတယ်။
ကျောင်းသားတွေအတွက် သီးသန့် လျှော့စျေးရတဲ့ သွားလာရေးကတ်တွေရှိတဲ့ မြို့တွေမှာ စရိတ်ကို ပိုမိုလျှော့ချနိုင်ပါတယ်။
📱 ဖုန်းနဲ့ အင်တာနက်စရိတ် — တစ်လ €20–€40 ဝန်းကျင်
ဖုန်းဆင်းကတ်၊ အင်တာနက်နဲ့ မိုဘိုင်းဒေတာအတွက် တစ်လတာ ဘတ်ဂျက်ထဲမှာ ထည့်တွက်ထားဖို့ လိုပါတယ်။
🏥 ကျန်းမာရေးအာမခံ — တစ်လ €40–€80 ဝန်းကျင်
နိုင်ငံတကာကျောင်းသားတွေအတွက် ကျောင်းသားဗီဇာ လျှောက်ရာမှာ ကျန်းမာရေးအာမခံ လိုအပ်နိုင်တာကြောင့် ကိုယ့်ရဲ့ ဗီဇာနဲ့ ကျောင်းလိုအပ်ချက်အတိုင်း ကြိုတင်စီစဉ်ထားသင့်ပါတယ်။
☕ ကိုယ်ပိုင်အသုံးစရိတ်နဲ့ အပန်းဖြေစရိတ် — တစ်လ €50–€150 ဝန်းကျင်
ကော်ဖီသောက်တာ၊ အဝတ်အစားဝယ်တာ၊ အပန်းဖြေတာ၊ ကိုယ်ရေးကိုယ်တာသုံးစွဲမှုနဲ့ မမျှော်လင့်ထားတဲ့ အသေးစားကုန်ကျစရိတ်တွေအတွက်လည်း သီးသန့်ဘတ်ဂျက် ထားထားတာ ပိုကောင်းပါတယ်။
💰 ဒါဆို စပိန်မှာ တစ်လ စုစုပေါင်း ဘယ်လောက်ကုန်မလဲ?
📍 စရိတ်သက်သာတဲ့ မြို့တွေ ➡️ တစ်လ €700–€900 ဝန်းကျင် ➡️ ခန့်မှန်း $820–$1,050
📍 Madrid / Barcelona လို မြို့ကြီးတွေ ➡️ တစ်လ €1,050–€1,400+ ဝန်းကျင် ➡️ ခန့်မှန်း $1,230–$1,640+
⚠️ ဒါပေမယ့် ဒီစရိတ်ထဲမှာ မပါသေးတာတွေရှိပါတယ်။
🎓 ကျောင်းလခ
✈️ လေယာဉ်လက်မှတ်
🛂 ဗီဇာလျှောက်ခ
🏠 အိမ်ငှားတဲ့အခါ ပထမဆုံးပေးရမယ့် အာမခံငွေ
📄 စာရွက်စာတမ်းနဲ့ ဘာသာပြန်ခ
စတဲ့ တစ်ကြိမ်တည်းကုန်ကျမယ့် စရိတ်တွေ မပါဝင်သေးပါဘူး။
✨ စပိန်မှာ ကျောင်းတက်ဖို့ စဉ်းစားနေတယ်ဆိုရင် “တစ်လ ဘယ်လောက်ကုန်မလဲ?” ဆိုတာတင်မဟုတ်ဘဲ
📍 ဘယ်မြို့မှာ နေမလဲ?
🏠 ဘယ်လိုအိမ်နေရာကို ရွေးမလဲ?
💰 ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီမလား?
🎓 ဘယ်ကျောင်းကို ရွေးမလဲ?
📚 ကိုယ်တက်ချင်တဲ့ ဘာသာရပ်နဲ့ ကိုက်ညီမလား?
🛂 ကျောင်းသားဗီဇာအတွက် ဘာတွေလိုအပ်မလဲ?
ဆိုတာတွေကိုပါ ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။
📩 စပိန်မှာ ကျောင်းတက်ဖို့ စဉ်းစားနေပြီး ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို သိချင်တယ်ဆိုရင် Klarity Education ကို Messenger ကနေ ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
#KlarityEducation #Spainမှာကျောင်းတက်မယ် #StudyInSpain #StudyAbroad #SpainStudentVisa #StudyInEurope #StudyAbroadMyanmar
✦ ───────── ✦
English Version
How much might it cost per month to study in Spain?
If you are thinking about studying in Spain, it is important to plan not only for tuition fees, but also for monthly living costs.
The amount you actually spend can differ depending on the city you live in, the type of housing you choose, and your lifestyle.
Housing — around €300–€750 a month
For students, sharing a house with other students and splitting a room can be a more affordable option than renting a room entirely on your own.
In large, popular, densely populated cities such as Barcelona and Madrid, rents can be higher. In cities with many students, such as Valencia, Seville, Granada and Salamanca, there are opportunities to arrange more affordable housing costs, depending on your lifestyle and the area.
Food — around €180–€300 a month
If you shop and cook for yourself, rather than always eating out, food costs can be more affordable. This cost can also vary a little depending on whether you live alone or share a house, and how often you eat out.
Transport — around €15–€40 a month
In Spain you can use buses, underground trains and trains, so getting between university and home is convenient. In cities that have discounted travel cards specifically for students, you can reduce this cost further.
Phone and internet — around €20–€40 a month
You should include a monthly budget for a SIM card, internet and mobile data.
Health insurance — around €40–€80 a month
International students may need health insurance when applying for a student visa, so you should plan this in advance according to your visa and university requirements.
Personal and leisure expenses — around €50–€150 a month
It is also better to keep a separate budget for coffee, clothes, leisure, personal spending and small unexpected costs.
So what might the monthly total be in Spain?
In more affordable cities → around €700–€900 a month → roughly $820–$1,050
In large cities such as Madrid and Barcelona → around €1,050–€1,400+ a month → roughly $1,230–$1,640+
However, there are costs not yet included in these figures:
• Tuition fees
• Air tickets
• Visa application fees
• The rental deposit you may have to pay when you first rent a home
• Document and translation fees
These are one-off costs that are not yet included.
If you are thinking about studying in Spain, you need to think ahead not only about “How much will it cost per month?” but also:
• Which city will you live in?
• What kind of housing will you choose?
• Will it fit your budget?
• Which university will you choose?
• Does it match the subject you want to study?
• What will you need for a student visa?
If you are thinking about studying in Spain and want to know a path that fits your budget, you can contact Klarity Education through Messenger and get a free consultation.
Spain
Oct 15, 2026
🇪🇸 စပိန်မှာ ကျောင်းတက်ရင် တစ်လဘယ်လောက်ကုန်မလဲ?